နောင်ချိုမြို့၌ ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application အသုံးပြုနည်း သင်တန်းဖွင့်လှစ်

နောင်ချို အောက်တိုဘာ ၁၆

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် ၂-နှစ်အောက် ကလေးများအား စာရင်းကောက်ယူနိုင်ရန်  ODK Mobile Application  အသုံးပြုနည်းများကို ရပ်ကျေးစာရေးများအား သင်ကြားပြသပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ နောင်ချိုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ရပ်ကျေးစာရေး (၄၁) ဦး တက်ရောက်ခဲ့ပြီး သင်တန်း(၁)ကြိမ်လျှင် သင်တန်းသား (၇)ဦးနှုန်းဖြင့် (၆)ကြိမ်ခွဲ၍  ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ပြန်/ဆက်)