နမ္မတူ အောက်တိုဘာ ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးသူငယ်များ ODK (Mobile Application) ဖြင့် ဒုတိယအကြိမ် အကျိုးခံစားသူ စာရင်းသွင်းခြင်းမွမ်းမံသင်တန်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဝန်ထမ်းများက နမ္မတူမြို့နယ်အတွင်းရှိ ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာ (၂၁)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာစာရေး (၂၃)ဦးအား အောက်တိုဘာလ (၁၃)ရက်နေ့တွင် နမ္မတူရပ်ကွက်၊ ပန်ဟိုက်ရပ်ကွက်၊ ဘော်တွင်းကျေးရွာ၊ ကြူဆော့ကျေးရွာ၊ ခိုမိုကျေးရွာ၊ မန်စံကျေးရွာအား လည်းကောင်း၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဟူးဆာ၊ ဟင်ပုတ်၊ မိုင်းတတ်၊ ဆိုက်ခေါင်၊ ဖာဆွမ်၊ နမ့်တောင်ကုန်းကျေးရွာအား လည်းကောင်း၊ ယမန်နေ့တွင် မိုင်းမု၊ ပန်လုံ၊ ချောင်းဆာ၊ ပန်ချင်၊ နားဆိုင်းကျေးရွာအား လည်းကောင်း၊ ယနေ့တွင် မိုင်းရင်၊ ဝိန်းနန်၊ မန်ဆာလုံ၊ ပန်ဆော့၊ လွယ်ပြေး၊ နမ့်မျှော်ကျေးရွာအားလည်းကောင်း အုပ်စု (၄)စု ခွဲ၍ နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော (၂)နှစ်အောက် ကလေးငယ်များအား ODK (Mobile Application)ဖြင့် ဒုတိယအကြိမ် အကျိုးခံစားသူ စာရင်းသွင်းခြင်း၊ စာရင်းထုတ်ပယ်ခြင်း နည်းလမ်းများကို လက်တွေ့အသိပညာပေး ရှင်းလင်းပို့ချခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံ က သိရသည်။
လူမော် (ပြန်/ဆက်)