သံဖြူဇရပ်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဆပ်ပြာများ လှူဒါန်း

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လမ်းညွှန်မှုဖြင့် နွေးထွေးသောရင်ခွင် လူမှုရေးအဖွဲ့နှင့် (Care Myanmar) အဖွဲ့တို့ ပူးပေါင်း ပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ အသုံးပြုနိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ (HAND SOAP) ဘူးများလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) ခွဲအချိန်က သံဖြူဇရပ်မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမရှေ့၌ပြုလုပ်သည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၏ Swab နမူနာများ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့သူ (၅၅)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယနေ့နံနက် (၉)နာရီ က မိုးလုံလေလုံအားကစားခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက Swab နမူနာများရယူခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်မဲပုံများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပရောက်နေသော ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ(၆)ခု၏ မဲပုံးများအား လုံခြုံရေး ကြိုးများနဲ့ ချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၌ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ပြည်သူများ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများကို ယနေ့နံက် ၈ နာရီခွဲ က စတင်၍ မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငွေဆောင် အ.ထ.ကကျောင်းတွင် ဖွင့်လှစ်ထားသော Facility Quarantine Center နေရာသည် ရွေး ကောက်ပွဲတွင် မဲရုံ​ပြုလုပ်ရမည့်နေရာဖြစ်၍ Quarantine Center အား ကားကြီးကွင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ.ထ.ကကျောင်းတွင် ဖွင့်လှစ်ထားသော Facility Quarantine Center နေရာသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြုလုပ်ရမည့် နေရာဖြစ်၍ Quarantine Center အား ပုသိမ်-ငွေဆောင် ကားလမ်းဘေး ၂၈မိုင်ရှိ NBC ကားကြီးဝန်းအတွင်း ပြောင်းရွှေ့ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာမှုအပြီးတွင် လာရောက် ကြည့်ရှုသူ (၄၅၇၆၇)ဦး အထိရှိ

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ (၁၄)ရက်အကြာ ကပ်ထားကြေညာပေးခဲ့ရာ လာရောက်ကြည့်ရှု သည့် မဲဆန္ဒရှင် ပြည်သူပေါင်း (၄၅၇၆၇)ဦး အထိရှိကြောင်းနှင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လာရောက် လျှောက်ထားသူများလည်း ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ ဝင်များ နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွ ေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ‌ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပြည်သူ့ဆေးရုံသို့ ပရိဘောဂ ပစ္စည်းများ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ပရိဘောဂ ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ဆေးရုံအုပ်ကြီး၏ ရုံးခန်းမရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းတပ်ခရိုင်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မင်းတပ်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံး အမိုးလန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ကမိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ရေငန်ကျေး ရွာအုပ်စု၊ ရေငန်ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
Subscribe to