နွားထိုးကြီး အောက်တိုဘာ ၁၆
နွားထိုးကြီးမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ကြ မည့် အထူးရဲ (SPECIAL POLICE) များအားလေ့ကျင့်သင်ကြားပေးမှု သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်မိုးမှ ဦးဆောင်၍ အောက် တိုဘာ ၁ရက်နေ့မှ စတင်၍ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ နွားထိုးကြီးမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့် မဲရုံ (၂၂၀)ရုံ၌ တာဝန်ထမ်းဆောင်မည့် ရပ်ကွက်၊ကျေးရွာ ကိုယ်စားပြု အထူးရဲ (SPECIAL POLICE) ၂၂၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် စစ်ရေးပြ(လက်နက်မဲ့)လေ့ကျင့်ခြင်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ၊ အက်ဥပဒေများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ လူအခွင့်အရေး၊ရွေး ကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဥပဒေများ၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့် ဥပဒေများကို အောက် တိုဘာ ၂၈ ရက်နေ့အထိ တာဝန်ရှိသူများက လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်