သရက်ချောင်း အောက်တိုဘာ ၁၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင် က အဖွင့်အမှာစကားပြော ကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း နှင့် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန်းထွန်း တို့က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များ ဆောင်ရွက်လာနိုင်စေရန် နှင့်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်မှုစွမ်းအား ကောင်း သော လူမှုအဖွဲ့အစည်းတစ်ရပ်ပေါ် ပေါက်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေး နှစ်အထိ ကျေးရွာပေါင်း(၁၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်စီမံကိန်းကျေးရွာအား ရွေးချယ်ဆောင်ရွက်ရာတွင် ပထမဦးစား ကျေးရွာအဖြစ် သင်းကျွန်းကျေးရွာ၊ ဒုတိယဦးစားပေးကျေးရွာအဖြစ် ရန်တောင် ကျေးရွာနှင့် တတိယ ဦးစားပေးကျေးရွာအဖြစ် စုံစင်ဖျားကျေးရွာတို့ကို ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ရွေးချယ်ဆုံး ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထံမှ သိရသည်။
နိုင်ဝင်း