ပန်းဘဲတန်း အောက်တိုဘာ ၁၆
ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
ရပ်ကွက်ရွေးကောက်ပွဲ အဖွဲ့ခွဲများသည် ဥပဒေ၊ နည်းဥပဒေများကို ကျေညက်စွာ နားလည် သဘောပေါက်ခြင်းဖြင့် ဥပဒေဖြင့် ညီညွတ်သော၊ လွတ်လပ်၍ တရားမျှတသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးပို့ချနိုင်ရန်အတွက် အောက်တိုဘာလ (၁၅) ရက်နေ့တွင် သင်တန်းသား (၁၀)ဦး၊ အောက်တိုဘာလ(၁၆)ရက်နေ့တွင် သင်တန်းသား(၁၂)ဦးကို နည်းပြ(၃)ဦးမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ကြေညာခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးရန်ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲနေ့ မဲရုံကြီးကြပ်ခြင်း၊ နည်းဥပဒေပါ ပုံစံများအား ရှင်းလင်းခြင်း စသည့် ဘာသာရပ်များဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)