လမ်းမတော် အောက်တိုဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ-ထ-က(၁)၊ အ-လ-က(၁)အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က နေ့လယ်စာနှင့် ညနေစာအတွက် ထမင်းဘူးများနှင့် ALPINE ရေသန့်ကဒ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းလာသော ထမင်းဘူးများအား We Love Yangon-Lanmadaw မှ လှူ ဒါန်းခဲ့ရာ နေ့လယ်စာထမင်းဘူး(၁၅၀)အား အမှတ်(၁၂)၊၉လမ်းမှ ဦးကျော်ထွန်း+ ဒေါ်စန်းဝင်း မိသားစုနှင့် အမှတ် (၅၆)၊ ၁၀လမ်းမှ ဦးဝင်းအောင်သန့်+ဒေါ်လှမျိုးသွယ် မိသားစုမှ လည်းကောင်း၊ ညနေစာထမင်းဘူး (၁၃၀)ဘူးအား လှည်းတန်းလမ်းနှင့် ၁၁လမ်းကြားရှိ SINGAPORE Kiasu-Kitchen မိသားစုမှ-လည်းကောင်း၊ ALPINEမှ ရေသန့်ကဒ် (၅၀၀)တို့ကို လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် Community Based Facility Quarantine Center အ-ထ-က(၁)နှင့် Anosmia Center အ-လ-က(၁)မြမာလာ တို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည်နေရာများသို့ စေတနာရှင် အလှူရှင်များက စားသောက် စရာများကို လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)