အုတ်တွင်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ သိရှိလိုက်နာ ဗဟုသုတ တိုးပွားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရသည်။
အဆိုပါ ပြဘုတ်တွင် အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးသူငယ်၊ လူငယ်နှင့် လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်းအချက်အလက်များ၊ မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေးပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော၊ မိဘ/ အုပ်ထိန်းမှု အတက်ပညာဆိုသည်မှာ အဘယ်နည်း၊ ကြော်ငြာများ၊ လုပ်ကြံသတင်းများ၊ နည်းလမ်းများ ၊ သင်သည် မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှုရှိသော မိဘအုပ်ထိန်းသူတစ်ဉီးဖြစ်ပါသလား၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ ၊ အိမ်တွင် လုပ်ဆောင်နိုင်သော ကလေးများနှင့် အတူ စာဖတ်ပါ၊ ရုပ်ရှင်အတူကြည့်ပါ၊ ကလေးများနှင့် အတူ သတင်းကြည့်ရာဝယ်၊ မေးသင့် မေးခွန်းများ စသည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတ မျိုးစုံပါရှိကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)