လသာ အောက်တိုဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လသာမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
လသာမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ လသာလမ်းနှင့် အနော်ရထာလမ်းတို့တွင် နေအိမ်ပြင်ပထွက်ခွာ သွားလာသူပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာကြရန်အတွက် စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်လာခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀/-)ပေးဆောင်စေ၍ မှတ်တမ်း ရေးသွင်းခြင်း၊ တပ်ဆင်မည့် နှာခေါင်းစည်း(Mask) ထုတ်ပေးခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်များမှ တာဝန်ရှိသူများနှင့် စစ်ဆေးကြပ်မတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မေသူ(ပြန်/ဆက်)