မိုင်းယောင်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များ အား Test Kit ဖြင့် စစ်ဆေးဆောင်ရွက်မှုနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို အချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ပြည်သူများအနေဖြင့်လည်း ပေါ့ဆ၍မရပါကြောင်း၊ ယခု ကာလ၌ တာဝန်ရှိသူများ အနေဖြင့် ထိန်းချုပ်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်ကာ တင်းကြပ်စွာ လုပ်ဆောင်ရ မည်ဖြစ် ကြောင်း ပြောကြားသည်။
အစည်းအဝေး၌ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်နှင့် ရရှိသော အရင်းအမြစ်များနှင့် ကိုက်ညီစွာ ကဏ္ဍအလိုက် ပြန်လည်လေ့လာ သုံးသပ်ပြီး လက် တွေ့ မြေပြင်အခြေအနေနှင့် ကိုက်ညီသော လုပ်ငန်းဆောင်ရွက်ချက် များကို ဆွေးနွေးအကြံပြုခဲ့ကြ ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း