လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် အပြစ်ဒဏ်ငွေ ပေးဆောင်စေခြင်း ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် အပြစ်ဒဏ် ငွေပေးဆောင်စေခြင်းတို့ကို ယနေ့နံနက်ပိုင်းက  လူစည်ကားရာနေရာများ ဖြစ်သည့် ပင်လုံဈေး၊ အောင်သုခဈေး နှင့် ရွှေရင်အေးဈေး တို့တွင် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် Mask ကို နှာခေါင်း ၊ပါးစပ်များတွင် စနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ မေးစေ့တွင်ချိတ်၍ သွားလာသူများနှင့် Mask မတပ်ဘဲသွားလာသူများအား Mask တစ်ခုလျှင် ငွေကျပ်(၂၀၀)ဖြင့် ဝယ်ယူစေသည့် အပြစ်ဒဏ်ငွေပေးဆောင်စေပြီး Mask များအား စနစ်တကျ တပ်ဆင်စေသည့် နည်းလမ်းများ၊ စနစ်တကျတပ်ဆင်ခြင်းမရှိက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းနှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်သည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ စည်ပင် သာယာရေးဌာနမှ အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိူဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် အပြစ်ဒဏ်ငွေပေးဆောင်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)