ဘားအံခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ အောက်တိုဘာ ၁၆

ကရင်ပြည်နယ် ဘားအံခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌  ယနေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောသိန်းကြည်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် နီးကပ်လာပြီးဖြစ်၍ အလုပ်တာဝန်တွေ ပိုမို ကြီးလာပါကြောင်း မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်- ၁၉ ရောဂါကင်းဝေးပြီး ဆန္ဒမဲ ပေးနိုင်ရန်အတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့်  လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်၊လစ်ဟာချက်များ မရှိစေရေး အတွက်  ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့် လက်ရှိဆောင်ရွက်နေသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အကြောင်းရှင်းလင်းဆွေးနွေးရာတွင် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် မဲရုံသုံးပစ္စည်း များကို ရပ်ကျေးကော်မရှင်များသို့ အချိန်မီ ပေးပို့နိုင်ရေးဆောင်ရွက်နေမှုများ ၊ရွေးကောက်ပွဲနေ့တွင် သတင်းရယူ နိုင်ရေး သတင်းမီဒီယာများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းမီဒီယာကဒ်များ ထုတ်ပေးမှုအခြေအနေ များ မဲရုံမှူး၊ဒုတိယမဲရုံမှူး သင်တန်းပို့ချနိုင်ရေး အတွက် နည်းပြ (၃) ဦးအား ရွေးချယ်ပေးရမည်ဖြစ်၍ ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်လာကြသော ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ဘားအံခရိုင်(ပြန်/ဆက်)