ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား ကြည့်ရှုလေ့လာမှတ်သားနိုင်စေဖို့အတွက် ရုံးရှေ့ရှိမြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးများနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာသိမှတ်စရာများကို ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်များ၌ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းခွင်ဝင်ရောက်နေသူများအနေဖြင့်ဆောင်ရန် ရှောင်ရန်အချက် အလက်များ Stay Home နေထိုင်ပြီး လက်ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ Social Distancing နှင့်အညီ နေထိုင်သော်လည်း ရောဂါကူးစက်နိုင်သည့် အပြုအမူအနေအထိုင်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်စရာများပါဝင်ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)