မိုင်းငေါ့မြို့တွင် စွမ်းအားမြှင့်မီးဖိုးများ သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စိုက်ပျိုး သီးနှံများ အထွက်နှုန်း တိုးတက်စေရေး နည်းပညာပေးဆွေးနွေး

မိုင်းငေါ့       အောက်တိုဘာ      ၁၉

စွမ်းအားမြှင့် မီးဖိုးများ သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေး နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ()နာရီ အချိန်ခန့်က မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချုံးကျေးရွာအုပ်စုမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုးရီးယားနိုင်ငံ  (Climate Change Center)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာများနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေသည့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေး ဆိုင်ရာ နည်းပညာများကို မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဇေယျာမျိုးက အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အပြင် စွမ်းအားမြှင့်မီးဖို (၄၅၈)လုံးကိုလည်း မိုင်းငေါ့မြို့ ချုံးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၄၅၈) စုထံသို့ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)