စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၈၀) ဦးတို့အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပင်လည်ဘူး အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌  ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်နှင့် စားသောက်ရေး အခက်အခဲများ ဖြစ်နေသော မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၈၀)ဦးတို့အား လတ်တလော စားသောက်ရေး အဆင်ပြေစေရန် ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့မှ စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ ၁၇ ရက်နေ့က အိမ်တိုင်ရာရောက်  သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ‌ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ မြို့မိမြို့ဖ ဦးတင်ဦးနှင့် ကျွန်တော်များ ကမ်းလက် အလှူရှင် များအဖွဲ့တို့မှ အခြေခံလူတန်းအိမ်ထောင်စု (၈၀)ဦးတို့အား လတ်တလော စားသောက်ရေးအဆင်ပြေစေရန်  အိမ်ထောင်စု တစ်စုလျင် ဆန် (၅)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ကုလားပဲ (၃၅)ကျပ်သား၊ စားဆီ (၁)ဘူး၊ ဆပ်ပြာမှုန့်(၂)ထုပ်စီနှင့် နှာခေါင်းစည်း Mask တို့အား အိမ်တိုင် ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)