ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား (၂၁)ဦးတို့အား အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေပေးအပ်

ဆီဆိုင် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး (၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများကို အောက်တိုဘာ ၁၇ ရက်နေ့က ပါလောပါကယ် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သက်ကြီးဘိုးဘွား (၂၁)ဦး တို့အား အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ နမ့်ဟူး၊ လွယ်ဆံဆစ် (အရှေ့)၊ လွယ်ဆံဆစ် (အနောက်)၊ ညိုးမှူး၊ ဘုရားကျိန်း၊ ကန်တန်၊ ညောင်ပင်သာ၊ တံတားဦး၊ မင်္ဂလာနှင့် အောင်ဇေယျကျေးရွာတို့ရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေရရှိသော အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး (၈၅)နှစ် တင်းတင်းမပြည့်သေးသည့် အဘိုး(၈)ဦး၊ အဘွား (၁၃)ဦး၊ စုစုပေါင်းသက်ကြီးဘိုးဘွား (၂၁)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)စီဖြင့် စုစုပေါင်းငွေကျပ် (၆၃၀၀၀၀)ကို ပါလောပါကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်းနှင့် သက်ဆိုင်ရာကျေးရွာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)