ကွမ်းလုံမြို့နယ်တွင် မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ဝေပေးနိုင်ရေး စစ်ဆေးဆောင်ရွက်

ကွမ်းလုံ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များအား စနစ်တကျ ထုတ်ဝေပေးနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့နံနက် (၉)နာရီအချိန်ခန့် က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ အောက်တိုဘာ (၂၇)ရက်နေ့တွင် ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်းနှင့် ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ (၂၉)ရက်နေ့မှ နိုဝင်ဘာ(၅)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)