ပြင်ဦးလွင် အောက်တိုဘာ ၁၉
ပြင်ဦးလွင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု လျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်း ကင်ဆာရောဂါ မဖြစ်ပွား စေရန်အတွက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင် ကာကွယ်ဆေး HPV (Human Papilloma Virus)ထိုးနှံနိုင်ရန်အတွက်ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် အသက် (၉)နှစ်မှ(၁၀)နှစ်အထိအမျိုးသမီးငယ်များအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှစ၍ ပြင်ဦးလွင်မြို့နယ်အတွင်း အခမဲ့ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ခရိုင် ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။
မြတ်ဆုမွန်