မျိုးစေ့ထုတ်စပါးခင်းများအတွင်း မိုးစပါးသီးနှံများ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ အောက်တိုဘာ ၁၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ် စပါးစိုက်ခင်းဧရိယာများတွင် ပိုးမွှားများ ကျရောက်မှုမရှိစေရေးအတွက် ယမန်နေ့ က ဥဒေါင်းကျေးရွာနှင့် တဝန်ဖန်ရကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့်စပါးသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများက ဥဒေါင်းကျေးရွာနှင့် တဝန်ဖန်ရကျေးရွာရှိ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအတွင်း ပိုးမွှားများ ကျရောက်မှုရှိ/မရှိ ကင်းထောက် စစ်ဆေးများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)