မြောင်းမြ၌ ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းဆောင်ရွက်

မြောင်းမြ  အောက်တိုဘာ  ၁၉

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင်   ကျင်းပမည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပြည့်စုံမှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့  စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စစ်​ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် ကော်မရှင် အဖွဲ့ဝင်များက မြောင်းမြမြို့နယ်အတွက် ဆန္ဒမဲလက်မှတ် တစ်အုပ်လျှင် (၅၀)ရွက်ပါ လွှတ်တော် အလိုက် မဲလက်မှတ်စာအုပ်ပေါင်း (၁၇၃၀၅)အုပ်အား ဆန္ဒမဲလက်မှတ် မှန်/မမှန်စစ်ဆေးခြင်း၊ မဲလက်မှတ် အုပ်ရေပြည့်/ မပြည့်စစ်ဆေးခြင်း၊ မဲလက်မှတ်ရွက်ရေ (၅၀)ရွက် ပြည့်/မပြည့်စစ်ဆေးခြင်း၊ စုတ်ပြဲနေသော မဲလက်မှတ်များ ပါ/မပါ စစ်ဆေးခြင်း၊ အစွန်းအထင်းရှိသော မဲလက်မှတ်များ ပါ/မပါ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ စီစစ်ပြီးသော မဲလက်မှတ် စာအုပ်များကို  မြို့မရဲစခန်းဝန်းအတွင်းရှိ ငွေတိုက်သို့ ပို့ဆောင်သိမ်းဆည်းထားကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)