နန်းယွန်း အောက်တိုဘာ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် အတွင်းရှိ နာယန်းကျေးရွာ၊ ဝပ်ထမ်းကျေးရွာနှင့် လုံလောင်းကျေးရွာများရှိ အခြေခံပညာ ကျောင်း (၃) ကျောင်းသို့ ကွန်ပျူတာ၊ ပရင်တာ၊ ဆက်စပ်ပစ္စည်းများနှင့် မီးစက်(၃)စုံအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်က မြို့နယ် ပညာရေးမှူး ဦးဝင်းမြင့်နှင့် သက်ဆိုင်ရာ ကျောင်းဆရာ၊ ဆရာမများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)