ကွတ်ခိုင် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၇ရက်နေ့အထိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ODK Application အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော (၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးပေးခြင်း ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များနှင့် Mobile Phone System ဖြင့် ODK Application အသုံးပြု၍ စာရင်းကောက်ယူသည့် နည်းပညာများကို သင်ကြားပို့ချပေးသည်။
သင်တန်းသို့ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၄)အုပ်စုမှ စာရေးဝန်ထမ်း (၈၄)ဦး တက်ရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)