နမ္မတူ အောက်တိုဘာ ၁၉
နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ နမ္မတူမြို့နယ်အတွင်းရှိ စောင့်ကြည့်ထားရှိသူ (၂၆)ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)များ ရယူကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ မန္တလေး ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီ အချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့် (၁) ဒေါ်ရည်မွန်အေးနှင့် ကျန်းမာရေးဝန်ထမ်းများ က စောင့်ကြည့်စခန်းထားရှိသည့် နမ္မတူမြို့နယ် အခြေခံ သတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းရှိ စောင့်ကြည့်ထားရှိသူ (၂၆)ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ် (Swab)များ ရယူကာ ယမန်နေ့ ညနေပိုင်းတွင် သီပေါမှတဆင့် မန္တလေးအမျိုးသားဓါတ်ခွဲ ဌာနသို့ပေးပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမားရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)