ကလေး အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ)တွင် ဆေး ကုသ မှုခံယူနေသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ(၁)ဦးသည် ဆေးရုံဆင်း သတ်မှတ် ချက်များအရ ယနေ့နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ် အချိန်က ဆေးရုံမှ ဆင်းခွင့် ပြု လိုက်ပြီ ဖြစ် ကြောင်း သိရသည်။
အဆိုပါ လူနာမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် နယ်မြေ(၁၁)မှ ကလေးမြို့ ကား ကြီးဝင်းတွင် ခေတ္တတည်းခိုနေထိုင်သူ (High Class Express မှ မော်တော်ယာဉ်မောင်း) ဖြစ်ပြီး အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ ဆင်းရုံဆင်းခွင့်ရရှိသူကို ကလေးမြို့ခုတင် (၃၀၀) ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်းပြီးနောက် လိုက်နာ ရမည့် အချက် များကို တိကျလိုက်နာရန် မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယနေ့ထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၃၄) ဦးရှိကာ ဆေးရုံဆင်းခွင့်ရှိသူ (၂၈) ဦးရှိပြီး ကျန်ရှိနေသည့် (၆) ဦးတို့ကို ကလေးမြို့ ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီး (တိုင်းရင်းဆေးရုံ) တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)