ကျွန်းစုမြို့နယ် Community Based Facility Quarantine Centre သို့ အလှူငွေနှင့် စားသောက်ကုန်များ လာရောက်လှူဒါန်း

ကျွန်းစု အောက်တိုဘာ ၁၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျွန်းစု မြို့နယ်၊ အထကကျောင်း၌ ဖွင့်လှစ်ထားသော Community Based Facility  Quarantine Centre သို့ စေတနာရှင်၊ အလှူရှင်များက ယမန်နေ့ နံနက်ပိုင်း၌ အလှူငွေနှင့် စားသောက်ကုန်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် စေတနာရှင်၊ အလှူရှင်များက စားသောက်ကုန်များအား Quarantine Centre ၌ ကန့်သတ် စောင့်ကြည့်ခံနေရသူများအား အထောက်အပံ့ဖြစ်စေရန်အတွက် ခေါက်ဆွဲ ခြောက်ထုပ်များ၊ ကော်ဖီမစ်ထုပ်များ စသည့် စားသောက်ကုန်များနှင့် ရေနွေးအိုးများ၊ အလှူငွေများအား လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လက်ခံရယူခဲ့ပြီး ၎င်းမှတဆင့် ကန့်သတ်စောင့်ကြည့်ခံ နေရသူများ အား ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)