မြင်းမူ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မ မီးသတ်စခန်းအနေဖြင့် ဘေးအန္တရယ်ဆိုင်ရာ ကိစ္စရပ်များအား ခေတ်မီရှာဖွေရေး သုံးပစ္စည်း များကို အသုံးပြုလျက် ရှာဖွေ ကယ်ဆယ်နိုင်ရေးအတွက် အမြဲမပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ယခုလေ့ကျင့်သင်ကြားပေးနေသည့် ခေတ်မီစက်ပစ္စည်းများအနေနဲ့ အဓိကအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားစဉ်ကဲ့သို့ အတွင်းမှာ ညှပ်ပိတ်နေသည့် လူနှင့်အရာဝတ္ထုပစ္စည်းများကို ရယူ ကယ်တင်ရန်အတွက် ရှေ့မှအကာအကွယ် အတား အဆီးများကို ဖြတ်ထုတ်ခြင်း၊ မတင်ခြင်း၊ ဆွဲဆန့်ခြင်း စသည့်နေရာများတွင် အသုံးပြုသည့် Hydraulic Rescue Tool များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းအောင်ထံမှ သိရှိရသည်။
မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပြင် လတ်တလောဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အသိပေးလုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာ ဌာနများနှင့်အတူ မီးသတ်ယာဉ်များဖြင့် လှည့်လှည် အသိပေးနှိုးဆော်ခြင်းများ ကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)