တံတားဦး၊ အောက်တိုဘာ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များအသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းက ၁၉၉၈ ခုနှစ် ကျောင်းသား/သူများနှင့် ဆက်စပ်မောင်နှများမှ လူနာ စောင့်ထိုင်ခုံများ၊ နှာခေါင်းစည်းများ ၊ ရေသန့်ကဒ်များ ၊ Face Shield များလာရောက် လှူဒါန်းကြောင်းသိရသည် ။
၁၉၉၈ ခုနှစ် ကျောင်းသား/သူများနှင့် ဆက်စပ်မောင်နှများမှ ငွေကျပ် (၄၅၀၀၀၀)တန်ဖိုးရှိ လူနာစောင့်ထိုင်ခုံ(၂၀)လုံး ၊ နှာခေါင်းစည်း(၂၀)ဘူး ၊ ရေသန့်ကဒ်(၂၀)ကဒ် ၊ Face Shield (၁၀၀)ခုတို့ကို လာရောက် လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက လက်ခံရ ယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည် ။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် လိုအပ်သောကျန်းမာရေး အထောက်အကူပြု ပစ္စည်း များကို အသီးသီးလာရောက် လှူဒါန်းကြသော အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ကျန်းမာရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် စနစ်တကျ အသုံးပြု သွားမည်ဖြစ်ကြောင်း သိရှိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)