ပုလောမြို့နယ်၊ ပလမြို့ အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ပုလော  အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ တို့ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီခန့်က ပလမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ပူးပေါင်း၍ ကျန်းမာ ရေးစစ်ဆေးပေးသည့်ဂိတ်တွင် တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ ၊မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာ နေကြသည့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်စွာဆေးကြောရန်အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း မရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း၊ တိုင်းပြင်ပမှ တိုင်းအတွင်းဝင်ရောက်လာသည့် ခရီးသွား ပြည်သူများ အား ခရီးသွားထောက်ခံချက် စစ်ဆေးခြင်းစသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင် ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။
အေးအေးမော်  (ပုလောပြန်/ဆက်)