ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်းများ ဆောင်ရွက်

တံတား အောက်တိုဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးတို့အတွက် တံတားမြို့မေတ္တာသင်္ဂဟ လူငယ်ပရဟိတ သွေးလှူရှင်များအဖွဲ့နှင့် သုံးခွမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက ကလိုရင်းပိုးသတ်ဆေး ဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တံတားမြို့ ပြည်သူ့ဆေးရုံ၊ ယာယီပျံကျဈေးနှင့် တံတားမြို့ပေါ်ရှိ ရပ်ကွက် ၄ ခုတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းကို စုပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)