လေးမျက်နှာမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်း ဆောင်ရွက်

လေးမျက်နှာ  အောက်တိုဘာ ၁၉

လေးမျက်နှာမြို့နယ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသော ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ အောက်တိုဘာလ ၁၇ ရက်၊၁၈ ရက်နေ့များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် ရရှိမည့် ဆန္ဒမဲ လက်မှတ် အရေအတွက် ပြည့်/မပြည့်၊  စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ် ပါဝင်မှု ရှိ/ မရှိ၊  သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန် နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုသင်္ကေတများမှန်ကန်မှု ရှိ/ မရှိ တို့ကိုစစ်ဆေးပြီးမြို့နယ်အတွက် ပြည်သူလွှတ်တော် (၁၉၉၇)အုပ်၊ အမျိုးသားလွှတ်တော် (၂၀၉၆) အုပ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်  (၉၉၄) အုပ်၊ အမှတ်(၂) တိုင်းဒေသကြီး (၉၉၇) အုပ်၊ ရခိုင်ကိုယ်စားလှယ် (၁၆) အုပ်၊ ကရင်ကိုယ်စားလှယ်(၂၁၄) အုပ်တို့အား စစ်ဆေး ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ရွှေရည်ဖြိုးထံမှ သိရှိရသည်။

ကျော်ဟိန်း(လေးမျက်နှာ)