ရွှေတောင် အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ပြည့်စုံ မှန်ကန်မှုရှိရေး ရေတွက်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် သာသနာ့ဗိမ္မာန်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မဲလက်မှတ်များထုတ်ယူရရှိသည့် အရေအတွက်ပြည့်မပြည့်၊ မှင်စွန်း၊ စုတ်ပြဲနေသော မဲလက်မှတ်များပါဝင်မှုရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်မြေ လက်မှတ်ဟုတ်မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေအတွက်နှင့် အမည်များမှန်မမှန်၊ ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက်ထုတ်ပေးရမည့် ဆန္ဒမဲလက်မှတ်အရေအတွက်တို့ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များက အုပ်စု(၅)စုဖွဲ့၍ စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)