ပလောက် အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အပြင်ထွက်သွားလာသူများတွင် (Mask) စနစ်တကျ တပ်ဆင် သွားလာရေး စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာဈေးကြီး အရှေ့ တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ စည်ပင်သာယာ ဈေးကြီးအရှေ့ ဗဟိုလမ်းမကြီးတွင် ဖြတ်သန်းသွားလာနေကြသူများ အား ( Mask) စနစ်တကျ တပ်ဆင်သွားလာကြရေးကို စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း နှင့် ( Mask ) မပါသူများကို လည်း ယခု ဝယ် /ယခုတပ် စနစ်ဖြင့် ဆောင်ရွက် ပေး လျက် ရှိ ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်-ပြန်/ဆက်)