မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး

မော်လမြိုင်ကျွန်း၊   အောက်တိုဘာ   ၁၉

မော်လမြိုင်ကျွန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  များပြားလာပြီဖြစ်သည့်အတွက် မြို့နယ် အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများတွင် မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော   စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ  လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယနေ့နေ့လည် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဈေးရောင်းသူ ဝယ်သူများအား  Mask  များ စနစ်တကျ တပ်ဆင်စေရေး၊ လက်များစနစ်တကျဆေးရန်နှင့် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရောင်းချခြင်း မပြုရန် လိုက် လံအသိပေး၍   နေ့စဉ် နံနက်  ၆ နာရီမှ  နေ့လယ်  ၂ နာရီအထိစားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ အိမ်ဆိုင်များ၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချခွင့်ပြုပြီး ပြည်သူများကျန်းမာရေးအတွက် ပုဂ္ဂလိကဆေးဝါး ရောင်းချသည့် ဆိုင်များကိုမူ နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)