မြောက်ဥက္ကလာပ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေ အေးချမ်းလုံခြုံရေး၊ မှုခင်းများ လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည ၁၀ နာရီက ဒုရဲအုပ် ဝင်းခိုင်ဦးဆောင်သောအဖွဲ့နှင့် ရဲအုပ် အောင်မွန် ဦးဆောင် သောအဖွဲ့တို့မှ မြိုနယ်အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home နေစဉ်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊နှိုက် အမှုများနှင့် ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ် ရေးနှင့် ပြည်သူများ အချိန်မတော်သွားလာမှုမရှိစေရေးကို လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းများ ဖြင့် ညစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)