လောင်းလုံး အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ရောဂါလျော့ချနိုင်စေရေးအတွက် ရည်ရွယ်ပြီး သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀ နာရီ ကလောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မင်းညွှန့်ဝင်း က ဆွေးနွေးပေးရာ၌ မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုသည် သားအိမ်ခေါင်း ကင်ဆာဖြင့် အသက်ဆုံးရှုံးခြင်းဖြစ်နေသည်ကိုတွေ့ရှိရကြောင်း ဖြစ်ပြီးမှ ကုသခံယူမှု ထက်မဖြစ်ပွားခင် ကြိုတင်ကာကွယ်မှုကပို၍ကောင်းမွန် ကြောင်းပြောကြားသည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ယနေ့ နေ့လယ်၁ နာရီ အချိန်တွင်အသက်၉နှစ်မှ ၁၀နှစ်ကြား အမျိုးသမီးငယ်များအား စတင်၍ထိုးပေးသွားမည်ဖြစ် ကြောင်းနှင့် ဆေးတစ်လုံးတွင် ၄.၅ဒေါ်လာတန်ဖိုး ရှိကြောင်းလည်း ဒေါက်တာ မင်းညွှန့်ဝင်းထံ မှ သိရှိရသည်။
ထို့နောက် အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးများ၊ အမျိုးသမီးရေးရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်းသတင်း ရရှိသည်။
သိန်းသိန်း(ပြန်/ဆက်)