သံတောင်ကြီးမြို့တွင် ပိုးတွေ့လူနာ(၁)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ပြု

သံတောင်ကြီး အောက်တိုဘာ ၂၀

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် (၉-၁၀-၂၀၂၀) ရက်နေ့တွင် အထူးရဲ သင်တန်းမှ သင်တန်းနည်းပြ (၈) ဦးနှင့် သင်တန်းသား(၂၀)ဦးကို Test Kit ဖြင့် နှာခေါင်းတို့ဖတ်၊  အာခေါင်တို့ဖတ် တို့ကို စစ်ဆေးခဲ့ရာ သင်တန်းသား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေရှိခဲ့သည့်အတွက် သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန် လာသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာမှာ ကျန်းမာရေးစစ်ဆေး၍ ပြန်လည်ကောင်းမွန် လာသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုပြီး Home Quarantine (၇)ရက် နေထိုင်သွားရမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းထံက သိရသည်။

မြို့နယ်ပြန်/ဆက်