ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံမှု အသိပညာပေးဆွေးနွေး

ကော့သောင်း အောက်တိုဘာ ၂၀

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။

အသိပေးဆွေးနွေးပွဲတွင် မာရမ်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးမှူး ဦးရဲထက်လင်းနှင့် အထက်တန်းသူနာပြု  ဒေါ်ယဉ်အေးခိုင်တို့က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို တက်ရောက်လာသည့် ကျေးလက်ပြည်သူများအား အသီးသီး အသိပေးရှင်းလင်းပြောကြား သည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေး ငယ်များအား ထည့်သွင်းထိုးနှံပေးခြင်းကို ပထမအကြိမ်အဖြစ် ထိုးနှံခြင်းနှင့်  ၆ လမှ ၁၂ လ အတွင်း ဒုတိယအကြိမ်ထိုးနှံခြင်း ပေါင်း(၂)ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ထိုးနှံပြီးပါက သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)