မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွင် အသုံးပြုရန်ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

မော်လမြိုင်ကျွန်း  အောက်တိုဘာ  ၂၀

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၅ဝ)ဦး ရှိပြီဖြစ်ပါသည်။ ပိုးတွေ့လူနာ များပြားနေသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာ များနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် အတူအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီတွင် အသုံးပြုနိုင်ရန် အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ ဗဟိုမီးသတ် သင်တန်းကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူရ+ဒေါ်အေးအေးနွယ် မိသားစုကျပ် (၅)သိန်း၊ ဒေါ်ခင်ခင်ညိုဝင်း  (နန်းရတနာရွှေဆိုင်)မိသားစုကျပ်(၅)သိန်း၊ ဦးကျော်ဝင်း+ဒေါ်သန်းစိန် (စူပါမင်းရေခဲမုန့်)ကျပ်(၅)သိန်း၊ ဦးကျော်ဆွေ-(ဒေါ်ခင်သန်း) ကျပ်(၅)သိန်း၊ဦးသက်ထွန်းအောင်-ဒေါ်ထက်ထက်ခိုင်သမီး မရွှေရည်သက်ထက်ကျပ်(၅)သိန်း၊နှင့် ဦးဝင်းအောင်+ဒေါ်အေးမြင့် (အိမ်ဆောက်ပစ္စည်း)တို့မှ အလှူငွေ ကျပ် ၅သိန်း စီလှူဒါန်းကြပြီးအထက(၁) ကျောင်းသားဟောင်းများ (၄)သိန်းကျပ်၊ သီတာဦးစိုက်ပျိုးရေးလုပ်ငန်းသုံးအရောင်းဆိုင် ကျပ်(၃)သိန်း၊ဦးထွန်းဝင်း+ ဒေါ်သိမ်းသူဇာ ထွေး ကျပ်(၃)သိန်း၊ (ဦးမောင်ငြိမ်း)-ဒေါ်ယဉ်လှကျပ်(၂)သိန်း၊ ဦးအုန်းမြင့်+ဒေါ်ပုလေး (ဆန်းစတိုး) ကျပ်(၂)သိန်း ဦးဝမ်ကြင်+ဒေါ်သင်းသင်းမော် ကျပ်(၂)သိန်း၊ ဦးကြည်ဝင်း(ရတနာတိုးထီဆိုင်) ကျပ်တစ်သိန်းခွဲနှင့် မြို့နယ်ဌာနဆိုင်ရာအလှူ့ရှင်များမှ Level-3 PPEဝတ်စုံ(၅ဝ)နှင့် စေတနာရှင်များမှ ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်း၊ သုံးသောင်းစသဖြင့် လှူဒါန်းကြပြီး FQ များတွင် အသုံးပြုရန်ခြင်ထောင်၊ စောင်၊ခေါင်းအုံးများ၊PPE ဝတ်စုံများ၊  maskဘူး၊handgel ၊spray ဘူး၊ရေသန့်ဘူး၊ မုန့်နှင့် စားသောက်ဖွယ်ရာများ၊ ခေါက်ဆွဲခြောက်များ၊ ယနေ့အတွက် FQ များတွင် တစ်နေ့လုံး စာအဟာရ အလှူအဖြစ် မြန်မာမွတ်စလင်အဖွဲ့မှ လှူဒါန်းခြင်းများကို အလှူရှင်များမှ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ပေးအပ်လှူဒါန်းကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူကြကြောင်းသိရသည် ။

သီတာအောင်(ပြန်ဆက်)