ပန်းတနော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

ပန်းတနော်  အောက်တိုဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုနိုင်ရန် ဆေးရုံသုံးပစ္စည်းများကို အဖြူရောင်သူငယ်ချင်းများ ပရဟိတအဖွဲ့မှ မန်နေ့ နံနက် နာရီက သွားရောက် လှူဒါန်းခဲ့သည်။

ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉လူနာများကုသရာတွင် အသုံးပြုနိုင်ရန်အတွက် Pulse Oximeter (8)pcs Digital Blood Pressure (3)pcs နှင့် ပန်းတနော်မြို့ ..က() Facility quarantine သို့ အမှိုက်အိတ်အကြီး အလုံးရေ(၅၀၀)အား အဖြူရောင် သူငယ်ချင်းများ ပရဟိတအဖွဲ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)