မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝံသပါလ မိဘမဲ့ပရဟိတကျောင်းရှိ ကလေးများအား အာဟာရနို့တိုက်ကျွေး

ရမည်းသင်း အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် ရမည်းသင်းမြို့ ဝံသပါလ မိဘမဲ့ ပရဟိတကျောင်း အသက် (၁၀)နှစ် အောက်ကလေး(၄၈)ဦးအား အာဟာရနို့တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ အာဟာရနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အာဟာရနို့တိုက်ကျွေးရာတွင် ရမည်းသင်းခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ ရမည်းသင်းမြို့ ဝံသပါလမိဘမဲ့ပရဟိတကျောင်းရှိ အသက်(၁၀)အောက် ကလေး(၄၈)ဦးအား ဉာဏ်ရည် ဉာဏ်သွေးပိုမိုဖွံ့ဖြိုး တိုးတက်စေရန် Mother Milk နွားနို့ဗူး (၄၈) ဗူးကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရနို့တိုက်ကျွေးခြင်းကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အပတ်စဉ်အင်္ဂါနေ့နှင့် သောကြာနေ့များ၌ (၈) လ တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်