ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း( စတုတ္ထနှစ်စက်ဝန်း) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများ၊ ကျေးရွာရာအိမ်မှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ တံတားမြို့အတွင်း ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင် ရွက်ရန်  ဦးစားပေးလျာထားသည့် စီမံကိန်းလုပ်ငန်းခွဲများအား  ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

လှည်းကူးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ရောဂါ (COVID-19) နှင့် ပတ်သက်၍ အသိပညာပေးဟောပြော

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် ကိုရိုနာဗိုင်း(စ်)ကူးစက်ရောဂါ(COVID-19) သံသယရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကွင်းဆင်းကြည့်ရှု ခဲ့မှုအပေါ် မတ်လ(၁၄)ရက်နေ့တွင် စုပေါင်းလမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေခဲ့မှု နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် အယူအဆလွဲမှားမှု မရှိစေရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မတ်လ (၁၃)ရက် မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

စဉ့်ကိုင်၌ COVID-19နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Corona virus  Disease-2019  (COVID-19) ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ တွင် ကျင်းပခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ဒိုက်ဦး၌ ကျင်းပ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က  ကျောက်ဆောက်ကျေးရွာ တွင် ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် အသက်ကယ် အောက်စီဂျင်အိုးများနှင့် ဆက်စပ် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှု ကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဇလွန်မြို့နယ်တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖာပွန်မြို့၌ (COVID-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှု အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ယနေ့နံနက်ပိုင်း က ခရိုင်နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၇)ဖွဲ့ခွဲ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

လယ်ဝေးမြို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေး မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝေါလေမြိုင်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဝေါလေမြိုင်မြို့၊ ဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to