မိုင်းယောင်းမြို့နယ်ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်ပေးအပ်

မိုင်းယောင်း အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က(ယမ်းခမ်း)နှင့် အ.လ.က-ခွဲ(မုန်းလိုက်)ကျောင်း Facility Quarantine Center များတွင် Facility Quarantine နေထိုင်ပြီးစီးသူ ပညာရေး ဝန်ထမ်းများအား ယမန်နေ့ ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးစီးမှု လက်မှတ်များ ပေးအပ်ခဲ့ ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦး၊ မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကြည်ထွန်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ကာ Home Quarantine ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း