ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကူးစက် ပျံ့နံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွါးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် COVID-19 ဗိုင်းရပ်စ် ကာကွယ် ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ပြုလုပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်နှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်။