မြန်အောင်မြို့၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ် ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း မြို့နယ် အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုး/တိုက်အစီအစဉ်ဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးသွားမည်

ကရင်ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့်နေရာဒေသများပါမကျန် မြို့၊ ရွာများအားလုံးရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ထိ မျှော်မှန်းအမျိုးသမီးငယ်ဦးရေ တစ်သောင်းငါးထောင်ကျော်ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်ဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။

ကာလိမြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ အမှတ်(၁)ရပ်ကွက်ရှိ နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ သားအိမ်ခေါင်းကင်ဆာ Human Papilloma Virus (HPV) ပုံမှန်ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်ခန့် က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးစိုက်ဧက ၂၄၉၀ ကျော် စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင် စီမံကိန်းဖြင့် မိုးစပါး စိုက်ဧက ၂၄၉၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုက်လံနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသက်မျိုးဦး ဦးဆောင်၍ ယမန်နေ့ည (၇)နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့ရှိ ရပ်ကွက်များအတွင်းသို့ လိုက်လံနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံမှူးသရုပ်ပြ သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူးသရုပ်ပြ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အ-မ-က (၁)(အရှေ့ပိုင်း) ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

မဘိမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)အား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့်များနားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် (HPV)ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်း (Quarantine Centre)တွင် နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိရာ အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။
Subscribe to