ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၁၂)ဦး ထပ်မံဝင်ရောက်

ချင်းရွှေဟော်  အောက်တိုဘာ  ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည်   ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ အောက်တိုဘာလ(၁၉)ရက်နေ့၊ ညနေ(၆)နာရီအချိန် က (၆)ဦးနှင့် ယမန်နေ့ညနေ (၄)နာရီအချိန် က (၆)ဦး  စုစုပေါင်းနေရပ်ပြန် ပြည်သူ(၁၂)ဦး ထပ်မံဝင်ရောက် လာခဲ့သည်။

အဆိုပါဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူ (၁၂)ဦးတို့မှာ  အမျိုးသား(၈)ဦး၊  အမျိုးသမီး(၄)ဦး တို့ဖြစ်ပြီး    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊  စဉ့်ကူးမြို့နယ်မှ (၂)ဦး၊  ရမည်းသင်းမြို့နယ်မှ (၃)ဦး၊  ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်မှ (၁)ဦး၊ သီပေါမြို့နယ်မှ (၂)ဦး၊ ကွမ်းလုံမြို့နယ်မှ (၁)ဦးနှင့် လောက်ကိုင်မြို့နယ်မှ (၂)ဦးတို့ ဖြစ်သည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၆၁၀)ဦးနှင့် အမျိုးသမီး (၆၉၅၈)ဦးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၅၅၆၈)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)