လင်းခေး အောက်တိုဘာ ၂၁
လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာ (မြို့လျှပ်စစ်မှူး) ဦးထွန်းထွန်းမှ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥ၊ Mask နှင့်Face shield တို့ကို ဝမ်ဟတ်၊ ဝမ်စလောင်း၊ ဟိုမိန်းမြို့ရှိ မြို့လျှပ်စစ်မှူးရုံး၊ ဝမ်ဟတ်(နမ့်တွန်) ကျေးရွာ ဓာတ်အားခွဲရုံများရှိ အမြဲတမ်းနှင့် နေ့စားဝန်ထမ်း(၂၀)ဦးအား ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန် (၆)ပြည်၊ ဆီတစ်ဘူး၊ ကြက်သွန်နီ (၁) ပိဿာ၊ ကြက်ဥ (၁၀) လုံး၊ ဆား (၁) ထုပ်နှင့် Mask (၅၀) ခု၊ Face shield(၁)ခုစီအား ထောက်ပံ့ခဲ့ကြောင်း မြို့လျှပ်စစ်မှူး ဦးထွန်းထွန်းထံမှ သိရသည်။
စိုင်းဇော်လတ်