ပလောက် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက် ရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်း အမျိုးသမီးငယ် များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန် ခန့်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းကို ပလောက်တိုက်နယ် ကျန်းမာရေးဆရာမ ဒေါ်သန်းဌေးနှင့် ကျန်းမာရေးကြီးကြပ်(၂)ဒေါ်လဲ့လဲ့ချော တို့က အမှတ် (၁)ရပ်ကွက် ရှိ အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ် (၄၇) ဦးကို ပထမအကြိမ် (HPV) ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင်အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီး ငယ်များအား စတင်ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ပြီး (HPV) ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် (၆)လမှ(၁၂)လအတွင်း ဒုတိယအကြိမ် ထိုးနှံပေးခြင်း ပေါင်း(၂)ကြိမ် ထိုးနှံပေးပြီးပါက သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)