မိုးကောင်းမြို့နယ်၌ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် (သားအိမ်ခေါင်းကင်ဆာ) အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးထည့်သွင်းခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပသည်။

မော်လမြိုင်မြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများအား လူမှု ကူညီရေးအဖွဲ့များထံ ပေးအပ်

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာ များအား မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေး အဖွဲ့များထံ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ကွမ်းလုံမြို့နယ်တွင် Facility Quarantine ထားရှိသည့် နေရပ်ပြန် ပညာရေးဝန်ထမ်း (၇၀) ဦး အား ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ပိုးမတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် နေရပ်ပြန် ပညာရေးဝန်ထမ်း (၇၀)အား Facility Quarantine ထားရှိပြီး အောက်တိုဘာ (၁၇)ရက်နေ့တွင် ဓာတ်ခွဲနမူနာ (Swab)ရယူ၍ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ အားလုံးပိုးမတွေ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ခ်ျပီဗွီကာကွယ်ဆေး ထည့်သွင်းခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်၌ အိတ်ခ်ျပီဗွီ (HPV)ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လည် ၁နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းမှ စီးပွားဖြစ် လုပ်ကိုင်လာကြသည့် မြန်မာတို့၏ လက်မှုလုပ်ငန်းများ

ရှေးမြန်မာဘုရင်များ လက်ထက်တွင် စက်မှုလုပ်ငန်းများ မရှိခဲ့သော်လည်း အိမ်တွင်းလက်မှု လုပ်ငန်းများ ဖွံ့ဖြိုး၍ နိုင်ငံတစ်ဝန်းလုံး အနှံ့အပြားရှိခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း၌ ရက်ကန်း စင်များကို တွေ့ရှိရပြီး ရွာတိုင်းရွာတိုင်း၌လည်း တောင်းရက်ခြင်း၊ ပလုံးရက်ခြင်း၊ ဖျာရက် ခြင်း၊ အိုးဖုတ်ခြင်းနှင့်

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌၊ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲနှင့် ဖွင့်ပကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ (HPV) သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် (နေပြည်တော်) ၌ကျင်းပပြုလုပ်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်အဖွင့်မိန့်ခွန်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ လမ်းညွှန်မိန့်ခွန်းများ တိုက်ရိုက်ထုတ်လွှင့်နေမှုအား တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး အခန်းမအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းနှင့် ကျန်းမာရေးဌာနဆရာမ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူပြာရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကာကွယ်ဆေးထိုးမည့် အမျိုးသမီးငယ် လေးများနှင့် ၎င်းတို့၏မိဘများက လမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးနှင့် ကိုဗစ်−၁၉ကူးစက်ရောဂါကာကွယ်ရေးအနေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ နံနက်(၉)နာရီက မြို့ပေါ် ရပ်ကွက်များ သန့်ရှင်း သာယာလှပရေး လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေပြည့်အမှတ်ထက် ၁ ဒသမ ၁၀ ပေ ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်း ခဲ့သည့်အတွက် တမံအတွင်း ရေဝင် ရောက်မှုရှိခဲ့ပြီး ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာ ချက်အရ ယင်းတမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ၁ ဒသမ ၁၀ ပေ ရေကျော်ကျလျက်ရှိ နေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်ထံက သိရသည်။

ဖလမ်းမြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ တစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမများကို အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီက ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးသည်။

မြစ်သားမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များအားရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Subscribe to