မြောက်ဥက္ကလာပမြို့နယ်တွင် Mask နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့် Mask campaign ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာကြရန် တာဝန်ရှိသူများက အသိပေးပြီးဖြစ်ရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဌာန ဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် လူအများသွားလာသည့် နေရာများတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် mask campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

မယ်စဲ့မြို့နယ်တွင် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နေ့လယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမ ှရွေးကောက်ပွဲ ဆိုင်ရာစုဝေး ဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာများ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဖျက်သိမ်းခြင်း၊ ပါတီကိုယ် စားပြု ကိုယ်စားလှယ်လောင်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန် က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပသည်။

ဒေါပုံမြို့နယ်တွင် Community Based Facility Centre တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit များဖြင့်စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ဒေါပုံမြို့နယ် အထက(၁)ကျောင်းရှိ  Community Based Facility Quarantine Centre ရှိ   Quarantine ဝင်ရောက်နေသူစောင့်ကြည့် လူနာများ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ Rapid Diagnosis Test Kit များဖြင့် စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ လာရောက် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က စက်မှုဇုန် (၃၊၄)တွင် လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ပုသိမ်ကားလမ်းမ ကိုဗစ်စစ်ဆေးဂိတ်နှစ်ခုတို့တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးမှုများဆောင်ရွက်နေ

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးမှတဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာကြ မည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ခွာမည့် ကုန် တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့တွင်

ခိုင်ကမ်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင်ပြုလုပ်ခဲ့သည်။

မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ နေ့စဉ်ကြပ်မတ်ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ် များတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ မြို့နယ် တာဝန်ရှိသူများက ကြီးကြပ်၍ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်တွင်း မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို ကန့်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေး ပါတီများအနေဖြင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများနှင့် အဆောက်အဦ များတွင် မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ် စည်းရုံးခြင်း လုပ်ငန်းများအား ယာယီရပ်ဆိုင်းသွားရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါကာကွယ်ဆေး စတင်ထိုးနှံရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုး/တိုက် အစီအစဉ်တွင်(Human Papillomavirus (HPV) vaccine Introduction) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထည့်သွင်းနိုင်ရေးအတွက် အသက် ၉ နှစ်နှင့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင် (၅၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to