ပြည်မြို့၌ အိတ်ချ်ပီဗွီ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြည်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒေသန္တရ ကျန်းမာရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် သက်ဆိုင်ရာကာကွယ်ဆေးထိုး စုရပ်များတွင်ထိုးနှံပေးမည်ဖြစ်သည်။

ကျောက်မဲမြို့တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်း ထိုးနှံခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်၌ အိတ်ခ်ျပီဗွီ (HPV) ကာကွယ်ဆေးကိုပါ ထည့်သွင်းထိုးနှံမည့် မြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီ က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနခန်းမတွင် ကျင်းပခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့ နံနက် (၁၀) နာရီခန့်က မချမ်းဘော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုံပါကျင်မြို့တွင် နှာခေါင်းစည်း mask တပ်၍ နေအိမ်ပြင်ပထွက်ရေး အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နှာခေါင်စည်း mask တပ်ဆင်မှုမရှိဘဲ သွားလာသူများအား နှာခေါင်းစည်းတပ်၍ သွားလာစေရေးအတွက် နှာခေါင်းစည်းငါးခုကို နစ်ထောင်ကျပ်ဖြင့် ချက်ခြင်းဝယ်၍ တပ်ဆင်သွားလာစေခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီပေါမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် တိုင်းရင်းဆေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁နာရီ က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးကုဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးပညာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအတွက် ဒုတိယအကြိမ်အဖြစ် ဆန်အိတ် (၉၆၄) အိတ်၊ စောင်နှင့် အနွေးထည် (၁၅) အိတ်နှင့် mask (၂၅၀) ခု ပေးအပ်လှူဒါန်း

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင်းရှိ ပြည်သူများအား စားနပ်ရိက္ခာ (၃) လစာအတွက် ဆန်အိတ် (၉၆၄)၊ စောင်နှင့် အနွေးထည် (၁၅) အိတ်နှင့် နှာခေါင်းစည်း mask (၂၅၀) ခုထောက်ပံ့ ပေးအပ်ပွဲကို အောက်တိုဘာ ၁၉ ရက် နေ့လည် (၁၂) နာရီအချိန်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုရာဇီခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့နေပြည်သူများ ကိုယ်ထူကိုယ်ထကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နားခေါက်သွား လမ်း၌ ယမန်နေ့ က ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူ က ဒေသခံပြည်သူများကို ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ နှာခေါင်းစည်းမတပ်ဆင်သူ လမ်းသွားလမ်းလာများအား အရေးယူမှု စတင်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်း က အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ နှာခေါင်းစည်းမတပ်ဆင်သူ လမ်းသွားလမ်းလာများအား အရေးယူမှု စတင်ဆောင်ရွက်ခဲ့သည်။
Subscribe to