စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ တိုးချဲ့အသုံးပြုနိုင်ရေး ငွေကျပ်သန်းပေါင်း (၃၆၇၁၆.၁၇၅) သန်း သုံးစွဲသွား မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန်နှင့် စွမ်းအားပြည့်အသုံးပြု နိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့မှ ငွေကျပ်သန်း (၃၆၇၁၆.၁၇၅)ဖြင့် အကုန် အကျခံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်မွန်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ယူမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ရှိ/မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး အတွက် အထူးရဲသင်တန်းကို ဖွင့်လှစ်ရာ လုံမောင်ခန်းမသို့ ယမန်နေ့နံနက် (၁၀) နာရီခန့်က ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်း နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိ/ မရှိ ဆေးစစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ကာကွယ်ရေး ပစ္စည်းများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများကို စေတနာရှင်၊ အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် မဲရုံဝန်ထမ်းများအား ရွေးကောက်ပွဲဆိုင်ရာများ သင်ကြားပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ၌ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ရွေးကောက်ပွဲ ဆိုင်ရာများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ် လမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆောင်ရွက်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက လမိုင်းမြို့အဝင် နှစ်ကရင်လမ်းဝဂိတ်တွင် အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်း ရိုက်ခတ်မှုကြောင့် လူနေအိမ်များ သဲဖုံးခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာ၌ ယမန်နေ့နံနက် (၁ : ၂၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေများမြင့်တက်လာခြင်း ကြောင့် လူနေအိမ် (၁၅၂) လုံးနှင့် ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် လူနေအိမ် (၁) လုံး ရေနစ်မြုပ်၍ ယိုင်နဲ့ပျက်စီးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် စည်ပင်သာယာစျေးနှင့် ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များ နှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စည်ပင်သာယာစျေး ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ် ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေ(၄)နာရီက ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Subscribe to